Level 3 IT

Level 3 National Diploma in IT (Foundation) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Microsoft Word

စာရိုက်ဖို့အတွက် သင်တာ ဖြစ်ပါတယ်။ Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ Assignment တွေကို Microsoft Word အသုံးပြုပြီး တင်ရမှာဖြစ်တယ်။ အဲ့အတွက်ကြောင့် သင်ပေးတာ ဖြစ်တယ်။ ရုံးတွေမှာ လုပ်ငန်းခွင်ဝင်တဲ့ အခါကျရင် စာရိုက်တက်အောင် သင်ပေးတာဖြစ်တယ်။

2. Microsoft PowerPoint

Microsoft PowerPoint က Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ PowerPoint Presentation လုပ်တဲ့အခါကျရင် လုပ်တက်အောင် PowerPoint ကိုသင်ပေးထားတာ ဖြစ်တယ်။ အဲ့လိုပဲ ရုံးတွေ လုပ်ငန်းခွင်ဝင်တဲ့အခါကျရင်လည်း Presentation လုပ်တက်အောင် သင်ပေးတာ ဖြစ်တယ်။

3. Programming

Computer Diploma ဖြစ်တဲ့အတွက်ကြောင့်မို့ Computer Programming ကိုသင်ရပါတယ်။ Foundation မှာ သင်တဲ့ Programming ကတော့အခြေခံသင်တာဖြစ်ပါတယ်။

4. HTML

HIML ကတော့ Hyper Text Mark-up Language ဖြစ်ပါတယ်။ Web Design လုပ်ဖို့သင်ပေးတာ ဖြစ်ပါတယ်။

5. English

English ကတော့ Language ဘာသာစကားအနေနဲ့ သင်ပေးတာဖြစ်ပါတယ်။ English စကားပြော တတ်အောင် ရေးတတ်အောင် သင်ပေးတာဖြစ်ပါတယ်။

5. How to Write Assignment

Assignment တစ်စောင်ဘယ်လိုရေးရမလဲဆိုတာကို သင်ကြားပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီမြန်မာပြည်မှာ ရှိတဲ့ ကလေးတွေအများစုက Assignment မရေးတတ်ကြဘူး။ ဘာလို့လဲဆို တော့ အရင်တုန်းက အစိုးရပညာရေးမှာ စာမေးပွဲတွေ ဖြေခဲ့ကြတယ်။ စာကျက်ပြီး ဖြေခဲ့ကြတယ်။ ဒါကြောင့် Assignment မရေးတတ်ကြဘူး။ အထူးသဖြင့် စာစီစာကုံးတောင် မရေးတတ်ကြဘူး။ ဒါကြောင့်မို့ Assignment ရေးတတ်အောင်သင်ကြား ပေးတာ ဖြစ်တယ်။ ဒီလို Assignment ရေးတတ်မှလဲ တနှစ်လုံး ရှိတဲ့ Assignment တွေကို လွယ်လွယ်ကူကူ ရေးတတ်မှာဖြစ်တယ်။

7. How to Make Smart Presentation

Presentation လုပ်တဲ့အခါမှာ လူရှေ့သူရှေ့ ထွက်ပြီး ပြောရဆိုရတာရှိတယ်။ အဲ့အခါမှာ ကလေးတွေ က လူရှေ့သူရှေ့ မထွက်ရဲဘူးဆိုတာရှိတယ်။ အဲ့သလိုမဖြစ်ရလေအောင် Presentation ကောင်းကောင်းတစ်ခု ကို ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးတာဖြစ်ပါတယ်။

Level 3 National Diploma in IT (First Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Computer Systems

Computer Systems ဆိုတာကတော့ Computer ရဲ့ စနစ်တွေအကြောင်းကို သင်တာဖြစ်တယ်။ Hardware ပိုင်း Software ပိုင်း စတဲ့အကြောင်းသင်တာဖြစ်ပါတယ်။ Computer ပြုပြင်တဲ့အကြောင်းတွေ Computer ဘယ်လိုတည်ဆောက်တာဆိုတဲ့အကြောင်းတွေ သင်တာဖြစ်ပါတယ်။ နောက်အတန်းကြီး လာတဲ့ အခါကျရင်လည်း ဒီ Computer Systems ဘာသာရပ်က အခြေခံအနေနဲ့ ဖြစ်သွားမှာ ဖြစ်ပါတယ်။

2. Procedural Programming

Procedural Programming ကတော့ Computer Programming ကိုသင်တာဖြစ်တယ်။ Computer Programming ကတော့ Computer ကိုအလုပ်အသစ်တွေလုပ်တတ်အောင် Program အသစ်တွေလုပ်တတ် အောင် နောက်ထပ်အလုပ်သစ်တွေ လုပ်တတ်အောင် ထပ်မံသင်ပေးတာကို Program ရေးတယ်လို့ခေါ်ပါ တယ်။

3. Impact of the use of IT on Business Systems

Imact of the use of IT on Business Systems ကတော့ IT တွေကို စီးပွါးရေးလုပ်ငန်းတွေမှာ ဘယ်လို အသုံးပြု သလဲ? စီးပွါးရေးလုပ်ငန်းတွေမှာ အသုံးပြုခြင်းအားဖြင့် ဘယ်လောက်တောင် ရိုက်ခတ်မှု ရှိလဲ ဘယ်လောက်သက်ရောက်မှုရှိလဲ သင်တာဖြစ်တယ်။ Computer ကျောင်းသား/သူတွေ အနေနဲ့ IT ကို စီးပွါးရေးလုပ်ငန်းတွေမှာ ဘယ်လိုပုံစံနဲ့ အသုံးချလို့ရလဲဆိုတာ သိသွားအောင် သင်တာဖြစ်ပါတယ်။

4. Communication and Employability Skills for IT

လုပ်ငန်းခွင်မှာ IT နဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့အခါကျတော့ Communication ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတာ ပြောဆိုတာ အလုပ်လုပ်တာ Business Communication တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဆက်ဆံကြမလဲ ဘယ်လိုပြောဆိုကြမလဲ ဘယ်လိုပြုမူနေထိုင်ကြမလဲ Report ဘယ်လိုရေးရမလဲ။ အလုပ်လုပ်တဲ့အခါမှာ အလုပ်လုပ်တတ်အောင် သင်တာဖြစ်ပါတယ်။ ပြောရရင် တော့ လုပ်ငန်းခွင်မှာ Computer တော့တတ်ပါရဲ့ မလုပ်တတ် မကိုင်တတ်ဘူး။ မပြောတတ် မဆိုတတ်ဘူး။ မစဉ်းစား မတွေးခေါ်တတ်ဘူး။ Report မရေးတတ်ဘူး အဲ့လိုမဖြစ်ရလေအောင် သင်ပေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

Level 3 National Diploma in IT (Second Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

5. Client Side Customization of Web Pages

Internet မှာ တင်တဲ့ Web Page တွေကို ရေးတာဖြစ်ပါတယ်။ Web Page ရေးတတ်အောင်သင်တာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Web Page များရေးတတ်ခြင်းအားဖြင့် အလုပ်အကိုင်ရရှိမှုလည်း မြန်ဆန်ပါ တယ်။

6. Installing and Upgrading Software

Computer ထဲမှာ Software အသစ်တွေ ထပ်ထည့်မယ်။ Software တွေ Update လုပ်မယ်ဆိုတဲ့ သင်ခန်းစာကို သင်တာဖြစ်ပါတယ်။

7. Systems Analysis and Design

Software တွေရေးတဲ့အခါမှာ ဒီ Software တွေကို မရေးခင် ဒါတွေကို ဘယ်လို Design ချမလဲ ရေးပြီးသားစနစ်တွေကို ဘယ်လို Analysis လုပ်မလဲ အဲ့ဒါနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သင်တာ ဖြစ်ပါတယ်။

8. Computer Network

Computer Network တွေကို ဘယ်လိုချိတ်ဆက်မလဲ ဒီနေ့ခေတ်မှာ Computer ကိုတစ်လုံးတည်း မသုံးတော့ဘူး ချိတ်ဆက်ပြီးသုံးလာကြတယ်။ Computer Network တွေကို ဘယ်လို ချိတ်ဆက်မလဲ သင်တဲ့ သင်ခန်းစာဖြစ်ပါတယ်။

9. Maintaining Computer Systems

Computer စနစ်တွေကို ပြုပြင်တာ စောင့်ရှောက်တာ ထိန်းသိမ်းတာ နဲ့ပတ်သက်တဲ့ သင်ခန်းစာ တွေကိုပြောတာဖြစ်ပါတယ်။

Leave a Comment