HND Business

Higher National Diploma in Business (Foundation) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Nature of Business Organization

အခုမှစပြီး စီးပွါးရေးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု နည်းပညာအကြောင်းတွေကို သင်တဲ့ ကျောင်းသား/ သူအတွက် စီးပွါးရေးလုပ်ငန်းတွေဟာ ဘယ်လိုပုံစံရှိတယ် ဘယ်လိုဖွဲ့စည်းထားတယ် ဘယ်လိုလုပ်လို့ ရတယ် ဆိုတဲ့ အကြောင်းကို စတင်မိတ်ဆက်တဲ့ သင်ခန်းစာဖြစ်ပါတယ်။

2. Introduction to Management

စီမံခန့်ခွဲခြင်းဆိုင်ရာပညာရပ်တွေကို စတင်ပြီး မိတ်ဆက်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ စီးပွါးရေး လုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲဆိုတဲ့အကြောင်းတွေကို စတင်မိတ်ဆက်တဲ့အကြောင်းကိုသင်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

3. Introduction to Accounting

လုပ်ငန်းတစ်ခုလုပ်တယ်ဆိုရင် ရှုံးတာ မြတ်တာကို သိဖို့လိုအပ်တယ်။ ဒါကြောင့်မို့ စာရင်းဇယား တွေကို ဆွဲတတ်ဖို့ လိုအပ်တယ်။ စာရင်းဇယားဆွဲတတ်အောင် စတင်ပြီး မိတ်ဆက်တဲ့ သင်ခန်းစာဖြစ်ပါတယ်။

4. Introduction to Economics

Introduction to Economics ကတော့ ဘောဂဗေဒနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ထည့်သင်တာ ဖြစ်ပါတယ်။

5. Microsoft Word

စာရိုက်ဖို့အတွက် သင်တာ ဖြစ်ပါတယ်။ Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ Assignment တွေကို Microsoft Word အသုံးပြုပြီး တင်ရမှာဖြစ်တယ်။ အဲ့အတွက်ကြောင့် သင်ပေးတာ ဖြစ်တယ်။ ရုံးတွေမှာ လုပ်ငန်းခွင်ဝင်တဲ့ အခါကျရင် စာရိုက်တက်အောင် သင်ပေးတာဖြစ်တယ်။

6. Microsoft PowerPoint

Microsoft PowerPoint က Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ PowerPoint Presentation လုပ်တဲ့အခါကျရင် လုပ်တက်အောင် PowerPoint ကိုသင်ပေးထားတာ ဖြစ်တယ်။ အဲ့လိုပဲ ရုံးတွေ လုပ်ငန်းခွင်ဝင်တဲ့အခါကျရင်လည်း Presentation လုပ်တက်အောင် သင်ပေးတာ ဖြစ်တယ်။

7. English

English ကတော့ Language ဘာသာစကားအနေနဲ့ သင်ပေးတာဖြစ်ပါတယ်။ English စကားပြော တတ်အောင် ရေးတတ်အောင် သင်ပေးတာဖြစ်ပါတယ်။

8. Personal Development

စီးပွါးရေးလုပ်ငန်း စီမံခန့်ခွဲမည့်လူတွေအနေနဲ့  မိမိရဲ့ ပုံပန်းသဏ္ဍာန်က Style ကျကျ Smart ကျကျဖြစ်နေ ဖို့လိုအပ်တယ်။ ပြောတတ် ဆိုတတ် နေတတ် သွားတတ် လာတတ် လုပ်တတ် ကိုင်တတ် ဖြစ်ဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် လူငယ်တွေက ပညာတော့သင်တယ်။ ရုံးရောက်လို့ရှိရင် တချို့ အကြောင်းအရာဆိုရင် နားမလည်ဘူး။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က မပြောတတ် မဆိုတတ် မလုပ်တတ် မကိုင်တတ် ဖြစ်တယ်။ ရွံ့တွန့်တွန့် ဖြစ်တယ်။ ရှက်ရွံ့တယ်။ ကြောက်တတ်တယ်။ အဲ့လိုမဖြစ်အောင် Personal Development ကိုထည့်ထား တာဖြစ်ပါတယ်။

9. How to Write Assignment

Assignment တစ်စောင်ဘယ်လိုရေးရမလဲဆိုတာကို သင်ကြားပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီမြန်မာပြည်မှာ ရှိတဲ့ ကလေးတွေအများစုက Assignment မရေးတတ်ကြဘူး။ ဘာလို့လဲဆို တော့ အရင်တုန်းက အစိုးရပညာရေးမှာ စာမေးပွဲတွေ ဖြေခဲ့ကြတယ်။ စာကျက်ပြီး ဖြေခဲ့ကြတယ်။ ဒါကြောင့် Assignment မရေးတတ်ကြဘူး။ အထူးသဖြင့် စာစီစာကုံးတောင် မရေးတတ်ကြဘူး။ ဒါကြောင့်မို့ Assignment ရေးတတ်အောင်သင်ကြား ပေးတာ ဖြစ်တယ်။ ဒီလို Assignment ရေးတတ်မှလဲ တနှစ်လုံး ရှိတဲ့ Assignment တွေကို လွယ်လွယ်ကူကူ ရေးတတ်မှာဖြစ်တယ်။

10. How to Make Smart Presentation

Presentation လုပ်တဲ့အခါမှာ လူရှေ့သူရှေ့ ထွက်ပြီး ပြောရဆိုရတာရှိတယ်။ အဲ့အခါမှာ ကလေး တွေက မထွက်ရဲဘူးဆိုတာရှိတယ်။ အဲ့သလိုမဖြစ်ရလေအောင် Presentation ကောင်းကောင်းတစ်ခုကို ဘယ်လိုလုပ်မလဲ ဆိုတာ သင်ပေးတာဖြစ်ပါတယ်။

HND Diploma in Business (1st Year, First Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Business and the Business Environment

အခုမှစပြီး စီးပွါးရေးဘာသာရပ်ကို စတင်လေ့လာကြသူတွေအတွက် စီးပွါးရေးလုပ်ငန်းတွေက ဘယ်လို ပုံစံရှိတယ်ဆိုတဲ့အကြောင်းတွေ ဘောဂဗေဒအကြောင်းတွေထည့်သင်ထားတာဖြစ်ပါတယ်။

2. Marketing Essentials

Marketing ဈေးကွက်စီးပွါးရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ သင်တာဖြစ်တယ်။

3. Human Resource Management

လုပ်ငန်းမှာရှိတဲ့ အရင်းအမြစ်တွေ စက်ပစ္စည်းတွေ Fixed Assets လို့ခေါ်တဲ့ ပစ္စည်းတွေ Current Assests တွေစတဲ့ Assests တွေရှိပါတယ်။ အဲ့ဒါတွေကို ဘယ်လို စီမံခန့်ခွဲမလဲ ကိုယ့်ဆီမှာ ရှိတဲ့ ပစ္စည်းတွေကို အသုံးပြုချပြီး ဘယ်လို စီးပွါးရေးလုပ်မလဲဆိုတဲ့ အကြောင်းတွေသင်တာဖြစ်ပါတယ်။ Resources လို့ပြောမယ် ဆိုရင် စက်လဲပါတယ် အဆောက်အအုံလဲပါတယ် ငွေကြေးလဲပါတယ် လူတွေရဲ့ အသိဥာဏ်လဲပါတယ် အဲ့ဒါတွေကို ဘယ်လိုခွဲဝေအသုံးချ မယ်ဆိုတာကို သိအောင်သင်ပေးတာဖြစ်ပါတယ်။

4. Management and Operations

နေ့စဉ်လုပ်ငန်းတစ်ခုမှာ လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ဘယ်လို စီမံခန့်ခွဲမယ်ဆိုတာ သင်တာ ဖြစ်ပါတယ်။

HND Diploma in Business (1st Year, Second Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

5. Management Accounting

စာရင်းအင်းပညာရပ်များကို သင်ကြားပေးခြင်းဖြစ်ပါတယ်။

6. Managing a Small Business Project

အသေးစားစီးပွါးရေးလုပ်ငန်းတွေကို ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်ကြားပေး ခြင်း ဖြစ်ပါတယ်။

7. Entrepreneurship and Small Business Management

စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်ချင်သူများ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတာ ဘာလဲ?? ဘယ်လိုတွေ လုပ်ဆောင် ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်ကြားပေးတာဖြစ်ပါတယ်။ စီးပွါးရေးလုပ်ငန်းအသေးတွေကို ဘယ်လို စီမံခန့်ခွဲဆိုတာနဲ့ ပတ်သက်ပြီး သင်ကြားတာဖြစ်ပါတယ်။

8. Innovation and Commercialization

Innovation ဆိုတာ ယနေ့ခေတ်မှာ ဈေးရောင်းမယ်ဆိုရင်တောင် ရိုးရိုးတန်းတန်းပဲဈေးရောင်းလို့မရတော့ပါ။ ဝန်ဆောင်မှုလုပ်ငန်းတွေ စီးပွါးရေးလုပ်ငန်းတွေ ရိုးရိုးတန်းတန်း စီးပွါးရေးလုပ်လို့မရတော့ပါ။ Innovative ဖြစ်ရမယ်။ ထိုကြောင့် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေ Commercialisation တွေစတဲ့ နည်းလမ်းတွေနှင့် စီးပွါးဖြစ်အောင် လုပ်ရမယ်။ အချို့ လုပ်ငန်းတွေက လုပ်သာလုပ်တယ် စီးပွါးမဖြစ်ဘူး။ ဒါကြောင့် စီးပွါးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သင်ကြား ပေးတာဖြစ်တယ်။

HND Diploma in Business (2nd Year, First Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

9. Research Project

Research Project သည် တစ်နှစ်လုံးစာ သင်ကြားမှာဖြစ်ပါတယ်။ ကျောင်းသား/သူတွေ ကို သုတေသန နဲ့ပတ်သက်တာတွေ ရေးတတ်အောင် Research လုပ်တတ်အောင် သင်ကြားပေးတဲ့ သင်ခန်းစာတွေပါဝင်ပါတယ်။

10. Business Strategy

စီးပွါးရေးလုပ်ငန်းတွမှာ မဟာဗျူဟာတွေ ဘယ်လိုချမှတ်မလဲ။ Strategy ဆိုတာ မဟာဗျူဟာကို ပြောတာ ဖြစ်ပါတယ်။ မဟာဗျူဟာတွေ ချမှတ်ပြီးတော့ အလုပ်လုပ်တတ်အောင် သင်ကြားပေးမှာ ဖြစ်ပါ တယ်။

11. Organizational Behaviour

လုပ်ငန်းတစ်ခုတည်းမှာ မတူညီတဲ့လူမျိုးစုတွေ၊ မတူညီတဲ့အယူအဆကွဲတွေ ရှိတတ်ကြတယ်။ အဲ့ဒါတွေအားလုံး ကို ဘေးဖယ်ထားပြီးတော့ အတူတကွ ဘယ်လိုအလုပ်လုပ်ဆောင်ကြမလဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။

12. Global Business Environment

ကမ္ဘာစီးပွါးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ လေ့ကျင့်သင်ကြားပေးတာဖြစ်ပါတယ်။

HND Diploma in Business (2nd Year, Second Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

13. Research Project

Research Project သည် တစ်နှစ်လုံးစာ သင်ကြားမှာဖြစ်ပါတယ်။ ကျောင်းသား/သူတွေ ကို သုတေသနနဲ့ပတ်သက် တာတွေ ရေးတတ်အောင် Research လုပ်တတ်အောင် သင်ကြားပေးတဲ့ သင်ခန်းစာတွေပါဝင်ပါတယ်။

14. Operations and Project Management

ကိုယ်က စီးပွါးရေးလုပ်ငန်းတွေ Project ကြီးတွေ လုပ်မယ်။ ဘယ်နေ့ ဘယ်ရက်မှာ လုပ်မယ် စသဖြင့် သတ်မှတ်ရက်အတွင်းမှာ ပြီးအောင် ဘယ်လိုလုပ်မလဲ စီမံခန့်ခွဲမလဲဆိုတာနဲ့ ပတ်သက်ပြီး သင်ကြားတာ ဖြစ်ပါတယ်။

15. Understanding and Leading Change

 Change Management နဲ့ Leadership ကို သင်ကြားတာဖြစ်ပါတယ်။ စီးပွါးရေးလုပ်ငန်းဆိုတာ ခေတ်နဲ့ လျော်ညီအောင် ပြောင်းလဲနေရတယ်။ အဲ့လို ပြောင်းလဲဖို့အတွက် မပြောင်းလဲတဲ့လုပ်ငန်းတွေ ရှိတယ်။ အဲ့လုပ်ငန်း တွေက ခေတ်နောက်မှာကျန်ခဲ့တယ်။ ဒါကြောင့် ပြောင်းလဲမယ်ဆိုရင် ဘယ်လို ပြောင်းလဲမလဲဆိုတာ သင်တာ ဖြစ်ပါတယ်။ ပြောင်းလဲမှုလိုလာတဲ့အချိန်တိုင်းမှာ ခေါင်းဆောင်မှု Leadership ဆိုတာ လိုအပ်လာတယ်။ ဒါကြောင့် Leadership နဲ့ Change Management ကိုတွဲသင်ရတာ ဖြစ်ပါတယ်။

16. Sales Management

အရောင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စီမံခန့်ခွဲနိုင်အောင် အရောင်းပိုင်းဆိုင်ရာ ဘာသာရပ်လေးကို ထည့်သွင်း သင်ကြားတာဖြစ်ပါတယ်။

Leave a Comment