About Us
University Council

ဒေါက်တာဇော်လင်း
Managing Director

ဒေါက်တာဇော်လင်း
Managing Director
Date of Birth: July 1976
Designation: Founder and CEO
Organization: YOUTH International University
Number of Years in Teaching: 23
Phone: +959765003596
Email: ceo@youthcomputermm.com
Education:
• Ph.D. (Business Administration), Assumption University (Bangkok)
• Master of Business Administration, Yangon University of Economics
• B.Sc. (Physics), Yangon University of Distance Education
• Certified Cisco System Instructor (#34928)
Areas of specialty:
• IT and Computing
• Business Management and Entrepreneurship
• Music Programming and Audio Engineering
• Technical Writer
Publication:
• Extended UTAUT2 Model on Factors Influenceing of Mobile Commerce Acceptance in Yangon, Myanmar. Vol 12, No 2 (2019): AU-GSB e-Journal (December 2019)
• Written and Published 41 Titles of Books
• His recent book name is “The age of Digital Economy and IoT”, published in 2017.
Association:
• Treasurer at Myanmar Computer Industry Association
Others:
• His Technical blog name is www.zawlinyouth.blogspot.com
• His Facebook Page is ZAW LIN – YOUTH.

ဒေါက်တာယဉ်သူအေး
Director

ဒေါက်တာယဉ်သူအေး
Director
Religion: Buddhist
Marital Status: Married
Place of Birth: Yangon
Nationality: Myanmar
Address: No.5/3D, Ma Soe Yein Kyaung Street, 9 Mile, Mayangone, Yangon, Myanmar.
Contact: ( +959)5200123 (mobile) / (+951) 650489 (Home) / director@youthcomputermm.com
Occupation
Director - YOUTH international College (2019 – until now)
Founder - Charis School of Creation (2017 – until now)
Managing Director - Charis Myanmar Co., Ltd (2016- until now)
HR Director - Amber Star Trading Co., Ltd (2012 – 2016)
Qualifications
- Ph.D. (Business Administration) Assumption University ( 2016 - 2019 )
- MBA (Yangon Institute of Economics)( 2006 - 2008)
- B. Pharm (University of Pharmacy, Yangon) ( 2000 - 2004)
Publication
Importance of networking behaviours and network resources to achieve sustainable competitive advantage of SMEs in Myanmar (Yangon) AU-GSB e-Journal (June 2019), Vol 12, No 1 (2019)
Honour and Awards
Myanmar Young Entrepreneurship Award (2019)
Workshops/ Seminars/ Summits
- Academy of Management Conference, Atlanta (2017)
- Asia Organization Development Network Summit (2016) (Shanghai University of International Business and Economics)
- 21st Century schools and Education Seminar ( Bangkok, Thailand) (2015)
- 11th Global of Women Entrepreneurs Conference ( Beijing , China) (2004)
Community Service
- Member of Myanmar Young Entrepreneur Association (2016 )
- Member of Myanmar Women’ Affairs Federation (2013)
- Member of Myanmar Women Entrepreneur Association (2004)

ဒေါက်တာလှလှမိုး
Head of Research Department

ဒေါက်တာလှလှမိုး
Head of Research Department

ဒေါက်တာအိအိချော
Dean of Computing

ဒေါက်တာအိအိချော
Dean of Computing

ဒေါက်တာဇင်မာကြူ
Head of Quality Assurance

ဒေါက်တာဇင်မာကြူ
Head of Quality Assurance
History of YIU
YOUTH International University (YIU) သည် YOUTH Computer Center မှ ပဋိသန္ဓေ တည်လာခြင်း ဖြစ်ပါသည်။ ၎င်း YOUTH Computer Center ကို ၁၉၉၇ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဦးဇော်လင်းမှ စတင်တည် ထောင်ခဲ့ပါသည်။ တည်ထောင်စဉ်ကာလတွင် ကွန်ပျူတာနှင့်ပတ်သက်သည့် အခြေခံသင်တန်းများကို စတင် ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင် အဆင့်မြင့် သင်ခန်းစာများကိုပါ တိုးချဲ့ဖွင့်လှစ်လာခဲ့ပါသည်။
၂၀၀၁ ခုနှစ်မှစတင်၍ YOUTH Computer Center ကို Franchise စတင်ပေးအပ်ခဲ့ပြီး ပထမဦးဆုံး Franchise စင်တာ အဖြစ် လာရှိုးမြို့ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဆက်လက်၍ Franchise စင်တာများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး မြန်မာ နိုင်ငံတဝှမ်းတွင် အခု ၂၀ အထိ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် YOUTH Computer Center တွင် Music Programming and Audio Engineering သင်တန်းကို မြန်မာပြည်တွင် ပထမဦးဆုံးဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ထိုနှစ်မှာတွင် တည်ထောင်သူ ဦးဇော်လင်းသည် နည်းပညာစာအုပ်များကို စတင်ရေးသားထုတ်ဝေခဲ့ပြီး ယနေ့ချိန် အထိ နည်းပညာ စာအုပ်ပေါင်း ၄၁ အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် YOUTH Computer Center သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cisco Systems Inc (USA) ၏ Learning Partner ဖြစ်လာပါသည်။ ထို နှစ်မှာပင် Pearson VUE ၏ Authorised Testing Center ဖြစ်လာပါသည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ အကြီးဆုံး ပညာရေး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သည့် Pearson Edexcel (UK) ၏ BTEC (Business and Technology Education Council) approved Center ဖြစ်လာပြီး အင်္ဂလန်နိုင်ငံမှ HND Diploma in Computing သင်တန်းများကို ဖွင့်လှစ်ပို့ချခြင်းအားဖြင့် YOUTH Computer Center ကို YOUTH International College (YIC) သို့ တိုးမြှင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် Level 3 National Diploma in IT, Level 3 National Diploma in Business နှင့် HND Diploma in Business အတန်းများကိုပါ တိုးချဲ့ဖွင့်လှစ်လာ ခဲ့ပါသည်။ ၂၀၁၇ ဒီဇင်ဘာလတွင် YOUTH International College ၏ ပထမဦးဆုံးသော ဒီပလိုမာပေးအပ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပခဲ့ပါသည်။
ထို့နောက် ၂၀၁၈ ဒီဇင်ဘာတွင် ဒုတိယအကြိမ် အဖြစ် လည်းကောင်း၊ ၂၀၁၉ ဒီဇင်ဘာတွင် တတိယအကြိမ်အဖြစ်လည်းကောင်း ကျင်းပခဲ့ပါသည်။ ၂၀၁၉ ဖေဖော် ဝါရီ တွင် James Cook University (JCU Singapore) နှင့်လည်းကောင်း ထိုလအတွင်းမှာပင် Management Development Institute of Singapore (MDIS) လည်းကောင်း မိတ်ဖက်အဖွဲ့အစည်းဖြစ်လာပြီး ၎င်း တက္ကသိုလ် များသို့ ကျောင်းသွားတက်ချင်သော မြန်မာလူငယ်များကို ဝန်ဆောင်မှု စတင်ပေးအပ်ခဲ့ ပါသည်။ ထို့နောက် ၂၀၁၉ ဩဂုတ်လတွင် အင်္ဂလန်နိုင်ငံရှိ National Computing Center (NCC) ၏ Accredited Center ဖြစ်လာပြီး အင်္ဂလန် နိုင်ငံရှိ တက္ကသိုလ်များထဲတွင် Ranking 75 အဆင့်ရှိသော University of Central Lancashire မှ ပေးအပ်သော B.Sc (Hons) Business Computing & Information Systems ဘွဲ့ အတွက် Program ကို NCC (UK) နှင့် အတူ ပူးပေါင်းပို့ချခဲ့ပါသည်။
ယခုအခါ ၂၀၂၀ မတ်လ တွင် အင်္ဂလန်နိုင်ငံရှိ Magna Carta College (UK) နှင့် Partnership ရယူပြီး အင်္ဂလန် နိုင် ငံ ၌ပင် ရှိသော BuckinghamShire New University (UK) ၏ B.A (Hons) Business Management ဘွဲ့ အတွက် Program ကို Magna Carta College (UK) နှင့် အတူပူးပေါင်း ပို့ချပါသည်။ ထို့အပြင် ၎င်း Buckinghamshire New University (UK) မှ Master of Business Administration (MBA) ဘွဲ့ ကို လည်း YIU တွင် သင်ကြားတက်ရောက်နိုင်ပြီ ဖြစ်ပါသည်။
Books of Founder
Our Franchise
At the moment, YOUTH Training Center is operating with 20 franchise centers across Myanmar under the name of YOUTH Computing Center across the country.
The franchise center does not deliver UK Diploma courses and only offers certificate courses such as –
- Microsoft Office Course
- Desktop Publishing Course
- Graphic Designer Course
- CompTIA A+ Course
- Computer Network Engineering Course

အခန်း(၁၁)၊ အထကတိုက်တန်း၊ ဈေးလမ်း၊ အုပ်ချုပ်စုရပ်၊ စစ်ကိုင်းမြို့။
ရပ်ကွက် (၁၂) ၊ လားရှိုးလုံလမ်း၊ နယ်မြေ (၇)၊ လားရှိုး။
အမှတ် ( ၁၀၆၇ ) ၊ စပါးရွှေ၀ါ၊ Golden Queen အမျိုးသမီးသီးသန့်ဘော်ဒါဆောင်၊ မြိတ်မြို့။
အမှတ် (၄၀၄)၊ စိန်ပန်းလမ်း၊ရတနာကန်ဦးကျောင်းအနီး၊ တောင်သူစုရပ်ကွက်၊ ကျိုက်ထိုမြို့။
ဗိုလ်ချုပ်လမ်း၊ စမ်းမြို့ရပ်ကွက် ၊ ကလေးမြို့။
အခန်း(၃)၊ ဆေးရုံလမ်း၊ ပွဲကြိုရပ်လမ်းဆုံအနီး။
နောင်ခို၊ ဂျီအီးတပ်ရှေ့၊ နောင်ခိုဈေးအနီး၊ ဗန်းမော်တက္ကသိုလ်လမ်း။
2F3၊ ရွှေမြသာယာပုဂ္ဂလိကဈေး(ခ)လားဟူဈေး၊မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့။
အခန်း(ဒ)၊ ကန်လမ်း၊ ထွန်းသီရီရုပ်ရှင်ရုံရှေ့ ကျောင်ကြီးရပ် ပြည်မြို့။
အမှတ် (75/ခ) ၊ ပထမထပ် လမ်းမကြီး၊ မောလိပ်ရပ်၊ စစ်တွေမြို့။
အမှတ်(၁၅ က)၊ သီတာလမ်း၊ပုသိမ်မြို့။
အမှတ် (C/D)၊ ရေကြောင်းရုံးဆိုင်ခန်း၊ လမ်းမတော်၊ ဟင်္သာတမြို့။
အမှတ် 427၊ ပုံကွန်းလမ်း၊ ပုံကွန်းရပ်၊ ထားဝယ်မြို့။
တိုးပွားရေးလမ်း၊ ကံပိုင်ရပ်ကွက်၊ တောင်ကုတ်မြို့။
အမှတ် ၁ ရပ်ကွက်၊ အောင်ဇဝေလမ်း၊ မောင်းတောမြို့။
အမှတ် ၂၂၊ ရွှေတောင်ရပ်ကွက်၊ မော်လမြိုင်မြို့။
အမှတ် ၃၀၂၊ မဟာမြိုင်လမ်း၊ အကျဉ်းဉီးစီးဌာန၊ သံတွဲ။
ပြည်ကွန်ပျုတာတက္ကသိုလ်ရှေ့
Photo Gallery
















Awards









Testimonials
I am Lin Hlaing Oo, CCNA student and learnt CCNA at YOUTH Computer Center last year. Now I am working at KMA Travel and Tours. After completion of my CCNA Class, I have more confident in my job. The theory lessons and practice in lab room was very close with real world. The lecturers from YOUTH Computer Center are very good in teaching, explanation lab and caring in students.

Lin Hlaing Oo
CCNA Student
Founder's Message
ယခု ကျွန်ုပ်တို့ပြောဆိုနေကြသည့် 4.0 ခေတ်ဆိုသည်ကားအဘယ်နည်း။ အခြားမဟုတ်ပေ။ ကျွန်ုပ်တို့ နေ့စဉ်လုပ်ဆောင်နေကြသော အကြောင်းအရာများ လုပ်ပုံကိုင်ပုံ ပြောင်းလဲလာခြင်းပင်ဖြစ်ပါသည်။ ဥပမာ Industry 4.0 တွင် အင်တာနက်ကို အသုံးပြု၍ အရာဝတ္တု များချိတ်ဆက်ကာ အလုပ်လုပ်ခြင်း IIoT (Industry Internet of Things) များရှိလာသလို စိုက်ပျိုးရေးကဏ္ဍများ တွင်လည်း အာရုံခံကိရိယာ (Sensor) များအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်လာကြပါသည်။ ငွေကြေးကိစ္စများတွင် လည်း Digital Currency များ ပေါ်ထွန်းလာပြီး ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာပင် ယခုအခါ Mobile Banking ကို တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ပါသည်။ နောင်ဆို ငွေစက္ကူ များကို သုံးစွဲခြင်းအစား အကြွေးဝယ်ကဒ်များ (Debit & Credit Card) များ၊ လက်ကိုင်ဖုန်းများအသုံးပြု၍ ငွေလွှဲခြင်း (Mobile Money & Digital Wallet) များ ပိုမိုသုံးစွဲလာခြင်းကြောင့် အလိုအလျောက် ငွေထုတ်စက်များ သုံးစွဲမှု များသည့်အလေ့အထပင် ပြောင်းလဲလာ နိုင်ပါသည်။ ဒါသည်ပင်လျှင် သမားရိုးကျစီးပွားရေးမှ (Traditional Economy) သည် ဒစ်ဂျစ်တယ်စီးပွားရေးစနစ် (Digital Economy) အဖြစ်သို့ ပြောင်းလဲလာခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးတွင် ယခုကဲ့သို့ ပြောင်းလဲမှုများသည် တစ်ကြိမ်တစ်ခါတည်း ဖြစ်ခဲ့သည်မဟုတ်ဘဲ ခေတ်ပြောင်းတော်လှန်ရေးများ ရှေးအခါကပင် တစ်ကြိမ်ပြီးတစ်ကြိမ်ဖြစ်ခဲ့ဖူးပါသည်။ ယခုအကြိမ်ကိုတော့ 4.0 ဟု ခေါ်ခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်တိုင်းမှာ ကျွန်ုပ် အထက်ကပြောသကဲ့သို့ပင် နေ့စဉ်လူနေမှုဘဝတွင် လုပ်ဆောင်ရသော လုပ်ပုံကိုင်ပုံ နှင့် လုပ်ငန်းများတွင် လုပ်ဆောင်ရသော လုပ်ထုံးလုပ်နည်းများ သည်လည်း ပြောင်းလဲလာ ပါတော့သည်။
သို့ဖြစ်ပါ၍ ကျောင်းသားကျောင်းသူ လူငယ်များကို ကျောင်းကသင်ပေးလိုက်သော ပညာရပ်များသည် လည်း လုပ်ငန်းခွင် အတွင်းသို့ရောက်သောအခါ ၎င်းလုပ်ငန်းခွင်ကလုပ်ဆောင်သောလုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေ (Align) ဖြစ်စေရန် ပညာရေးကဏ္ဍ ကပါ လိုက်လံပြောင်းလဲဖို့လိုလာပေသည်။ ထိုသို့ မပြောင်း လဲ ပါက ပညာရေးနှင့် အခြားကဏ္ဍများ အံဝင်ခွင်ကျမဖြစ်တော့ဘဲ ကျောင်းသားလူငယ်များ အလုပ်အကိုင် ရရှိ တော့မည်မဟုတ်ပေ။ ထို့ကြောင့် ပညာသင်ပြီး အလုပ်မရခြင်းမှာ ကျောင်းသားလူငယ်က စာမလုပ်လို့လား သို့မဟုတ် သင်ထားသော ပညာများသည် ပြောင်းသွားသောခေတ်နှင့် အံမဝင်လို့လား ဆိုသည်ကို မေးခွန်းထုတ် စရာ ဖြစ်လာပါသည်။ တနည်းအားဖြင့် ဘွဲ့ရကျောင်းသားကျောင်းသူများသည် စက်မှုခေတ်ပြောင်းတော်လှန်ရေး ၄.၀ (Industry 4.0) နှင့် ဒစ်ဂျစ်တယ် စီးပွားရေး (Digital Economy) ခေတ်တွင် အလုပ်လုပ်နိုင်ရန် သင်ကြား တတ်မြောက်ထားဖို့ လိုအပ်လှပေသည်။ သို့ဖြစ်ပါ၍ ပညာရေးကဏ္ဍသည်လည်း ပညာရေး ၄.၀ (Education 4.0 ) ဆိုပြီး ဖြစ်လာ ပါသည်။
Education 4.0 ဆိုတာကတော့ ပုံမှန် Blackboard နှင့် Whiteboard များကို သုံးစွဲ၍ ဆရာဆရာမ က ရှေ့ကသင်တာကို ကျောင်းသားကျောင်းသူများက လိုက်လံမှတ်သားခြင်း၊ သင်ယူခြင်း နှင့် လေ့လာကျက်မှတ်ခြင်း ပုံစံမျိုးမဟုတ်တော့ပေ။ ကျောင်းသားဗဟိုပြုသင်ကြားကြရပြီး လက်တွေ့လုပ်ငန်းခွင်ကိုအခြေပြုသော လက်တွေ့ သင်ခန်းစာများကို များများလေ့ကျင့်သင်ကြားပေးဖို့လိုအပ်ပါသည်။ တနည်းအားဖြင့် လက်တွေ့များများပြုလုပ်ရန် လိုအပ်ပါသည်။ ရှေးယခင်ကကဲ့သို့ စာကို အော်ကျက်အလွတ်ကျက်ပုံစံမျိုးမဟုတ်တော့သဖြင့် တတ်မြောက်မှုကို စစ်ဆေးသည့် စနစ်တွင်လည်း စာမေးပွဲအစား Assignment ရေးတင်ခြင်းစနစ်များကို အစားထိုးကျင့်သုံးလာရ ပါသည်။ ဘာသာရပ်များအပိုင်းတွင်လည်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT (Information & Communication Technology) တနည်းအားဖြင့် ကွန်ပျူတာဘာသာရပ်သည် ယနေ့ခေတ်တွင် လွန်စွာမှ လိုအပ်လျှက်ချက်မြင့်မားလျှက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားလူငယ်များ အလုပ်လုပ် ရမည့် Industry 4.0 သည် Artificial Intelligence, Smart Technologies, Robotics, Internet of Things, Big Data စသည့် နည်းပညာများပေါ်တွင် အခြေခံလာသောကြောင့်ဖြစ်ပါသည်။ ထို့အတူ စီမံခန့်ခွဲမှု ပညာရပ် (Business Management) သည် လည်း ယနေ့ခေတ်တွင်များစွာအရေးပါလာပါသည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးစနစ်များသည် သမားရိုးကျ စနစ်မှ ဒစ်ဂျစ်တယ် စနစ်သို့ကူးပြောင်းသွားခြင်းကြောင့် ယခင်လုပ်ရိုး လုပ်စဉ်အတိုင်း စီမံခန့်ခွဲ၍ မရတော့သောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိ ကိုယ်တိုင် ပင် IT ကွန်ပျူတာသမား ဘဝမှ နောက်ထပ် စီမံခန့်ခွဲမှု ဘာသာရပ်ကို ပါရဂူဘွဲ့ရသည်အထိလေ့လာဆည်းပူးခဲ့ပါသည်။
ထို့ကြောင့်ပင် ယနေ့ခေတ်တွင် အရေးပါအရာရောက်နေသော ဘာသာရပ်ကြီး ၂ ခုဖြစ်သည့် Computing နှင့် Business ကို YIU တွင် သင်ကြားပို့ချပေးနေရခြင်းပင်ဖြစ်ပါသည်။ ထိုသို့ သင်ကြားပို့ချပေးနေရာတွင်လည်း သင်ခန်းစာများကို လက်တွေ့ရော သီအိုရီ ပါ သေချာ ပေါင်းစပ်သင်ကြားပေးလျှက်ရှိပြီး ဘာသာရပ် တစ်ခုချင်းစီကို လည်း ယနေ့ခေတ်အတွက်လည်းကောင်း နောင်အနာဂတ်အတွက်လည်းကောင်း ပညာသင်လူငယ်များ၏ ရေရှည် အကျိုးစီးပွားကို မျှော်မှန်းပြီး စနစ်တကျ သင်ကြားပေးရုံသာမက စေတနာထား၍ပါ ပေါင်းစပ်သင်ကြားပေးနေပါ သည်။ ထို့အပြင် လက်တွေ့လုပ်ဆောင်ရန်အတွက်လိုအပ်သော သင်ထောက်ကူပစ္စည်းများကိုလည်း ခေတ်နှင့် လျော်ညီအောင်၊ လုံလောက်အောင် အမြဲဖြည့်တင်းသင်ကြားပေးလျှက်ရှိပါသည်။ ဘွဲ့လွန်ကာလများတွင်လည်း စဉ်ဆက်မပြတ်သင်ကြားမှုဖြစ်အောင် ဘွဲ့လွန်သင်တန်းများဖွင့်လှစ်ပေးလျှက်ရှိပါသည်။ ထို့အပြင် တက္ကသိုလ် တစ်ခု၏ စံနှုန်းနှင့် အညီ သုတေသန စာတမ်းများဆိုင်ရာ အတွက် နိုင်ငံတကာမှ Professor များပါဝင်သော တည်းဖြတ်ဘုတ်အဖွဲ့ (Editorial Board) ဖွဲ့စည်းကား YIU-eJournal.edu.mm တွင် လွှင့်တင်ပေးလျှက်ရှိပါသည်။ ဘွဲ့ရ ကျောင်းသားများ အလုပ်အကိုင်များရရှိစေရန် အလုပ်သင်ခေါ်ယူခြင်းနှင့် Job Fair များ ပြုလုပ်ခြင်းကို YIU ၏ မိတ်ဖက် စီးပွားရေးလုပ်ငန်းကြီးများနှင့် တွဲဖက်လုပ်ဆောင်လျှက်ရှိကြောင်းကို တင်ပြလိုက်ရပါသည်။
Dr. Zaw Lin
Founder
PhD (Business Administration)