Level 3 Business

Level 3 National Diploma in Business (Foundation) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Nature of Business Organization

အခုမှစပြီး စီးပွါးရေးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု နည်းပညာအကြောင်းတွေကို သင်တဲ့ ကျောင်းသား/ သူအတွက် စီးပွါးရေးလုပ်ငန်းတွေဟာ ဘယ်လိုပုံစံရှိတယ် ဘယ်လိုဖွဲ့စည်းထားတယ် ဘယ်လိုလုပ်လို့ ရတယ် ဆိုတဲ့ အကြောင်းကို စတင်မိတ်ဆက်တဲ့ သင်ခန်းစာဖြစ်ပါတယ်။

2. Introduction to Management

စီမံခန့်ခွဲခြင်းဆိုင်ရာပညာရပ်တွေကို စတင်ပြီး မိတ်ဆက်တဲ့ သင်ခန်းစာဖြစ်ပါတယ်။ စီးပွါးရေး လုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲဆိုတဲ့အကြောင်းတွေကို စတင်မိတ်ဆက်တဲ့အကြောင်းကိုသင်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

3. Introduction to Accounting

လုပ်ငန်းတစ်ခုလုပ်တယ်ဆိုရင် ရှုံးတာ မြတ်တာကို သိဖို့လိုအပ်တယ်။ ဒါကြောင့်မို့ စာရင်းဇယား တွေကို ဆွဲတတ်ဖို့ လိုအပ်တယ်။ စာရင်းဇယားဆွဲတတ်အောင် စတင်ပြီး မိတ်ဆက်တဲ့ သင်ခန်းစာဖြစ်ပါတယ်။

4. Microsoft Word

စာရိုက်ဖို့အတွက် သင်တာ ဖြစ်ပါတယ်။ Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ Assignment တွေကို Microsoft Word အသုံးပြုပြီး တင်ရမှာဖြစ်တယ်။ အဲ့အတွက်ကြောင့် သင်ပေးတာ ဖြစ်တယ်။ ရုံးတွေမှာ လုပ်ငန်းခွင်ဝင်တဲ့ အခါကျရင် စာရိုက်တက်အောင် သင်ပေးတာဖြစ်တယ်။

5. Microsoft PowerPoint

Microsoft PowerPoint က Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ PowerPoint Presentation လုပ်တဲ့အခါကျရင် လုပ်တက်အောင် PowerPoint ကိုသင်ပေးထားတာ ဖြစ်တယ်။ အဲ့လိုပဲ ရုံးတွေ လုပ်ငန်းခွင်ဝင်တဲ့အခါကျရင်လည်း Presentation လုပ်တက်အောင် သင်ပေးတာ ဖြစ်တယ်။

6. English

English ကတော့ Language ဘာသာစကားအနေနဲ့ သင်ပေးတာဖြစ်ပါတယ်။ English စကားပြော တတ်အောင် ရေးတတ်အောင် သင်ပေးတာဖြစ်ပါတယ်။

7. Personal Development

စီးပွါးရေးလုပ်ငန်း စီမံခန့်ခွဲမည့်လူတွေအနေနဲ့  မိမိရဲ့ ပုံပန်းသဏ္ဍာန်က Style ကျကျ Smart ကျကျ ဖြစ်နေဖို့လိုအပ်တယ်။ ပြောတတ် ဆိုတတ် နေတတ် သွားတတ် လာတတ် လုပ်တတ် ကိုင်တတ် ဖြစ်ဖို့လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် လူငယ်တွေက ပညာတော့သင်တယ်။ ရုံးရောက်လို့ရှိရင် တချို့ အကြောင်းအရာဆိုရင် နားမလည်ဘူး။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က မပြောတတ် မဆိုတတ် မလုပ်တတ် မကိုင်တတ် ဖြစ်တယ်။ ရွံ့တွန့်တွန့် ဖြစ်တယ်။ ရှက်ရွံ့တယ်။ ကြောက်တတ်တယ်။ အဲ့လိုမဖြစ်အောင် Personal Development ကိုထည့်ထားတာဖြစ်ပါတယ်။

8. How to Write Assignment

Assignment တစ်စောင်ဘယ်လိုရေးရမလဲဆိုတာကို သင်ကြားပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီမြန်မာပြည်မှာ ရှိတဲ့ ကလေးတွေအများစုက Assignment မရေးတတ်ကြဘူး။ ဘာလို့လဲဆို တော့ အရင်တုန်းက အစိုးရပညာရေးမှာ စာမေးပွဲတွေ ဖြေခဲ့ကြတယ်။ စာကျက်ပြီး ဖြေခဲ့ကြတယ်။ ဒါကြောင့် Assignment မရေးတတ်ကြဘူး။ အထူးသဖြင့် စာစီစာကုံးတောင် မရေးတတ်ကြဘူး။ ဒါကြောင့်မို့ Assignment ရေးတတ်အောင်သင်ကြား ပေးတာ ဖြစ်တယ်။ ဒီလို Assignment ရေးတတ်မှလဲ တနှစ်လုံး ရှိတဲ့ Assignment တွေကို လွယ်လွယ်ကူကူ ရေးတတ်မှာဖြစ်တယ်။

9. How to Make Smart Presentation

Presentation လုပ်တဲ့အခါမှာ လူရှေ့သူရှေ့ ထွက်ပြီး ပြောရဆိုရတာရှိတယ်။ အဲ့အခါမှာ ကလေး တွေက မထွက်ရဲဘူးဆိုတာရှိတယ်။ အဲ့သလိုမဖြစ်ရလေအောင် Presentation ကောင်းကောင်းတစ်ခုကို ဘယ်လိုလုပ်မလဲ ဆိုတာ သင်ပေးတာဖြစ်ပါတယ်။

Level 3 National Diploma in Business (First Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Business Environment

အခုမှစပြီး စီးပွါးရေးဘာသာရပ်ကို စတင်လေ့လာကြသူတွေအတွက် စီးပွါးရေးလုပ်ငန်းတွေက ဘယ်လိုပုံစံရှိတယ် ဆိုတဲ့အကြောင်းတွေ ဘောဂဗေဒအကြောင်းတွေထည့်သင်ထားတာဖြစ်ပါတယ်။

2. Business Resources

လုပ်ငန်းမှာရှိတဲ့ အရင်းအမြစ်တွေ စက်ပစ္စည်းတွေ Fixed Assets လို့ခေါ်တဲ့ ပစ္စည်းတွေ Current Assests တွေစတဲ့ Assests တွေရှိပါတယ်။ အဲ့ဒါတွေကို ဘယ်လို စီမံခန့်ခွဲမလဲ ကိုယ့်ဆီမှာ ရှိတဲ့ ပစ္စည်းတွေကို အသုံးပြုချပြီး ဘယ်လို စီးပွါးရေးလုပ်မလဲဆိုတဲ့ အကြောင်းတွေသင်တာဖြစ်ပါတယ်။ Resources လို့ပြောမယ် ဆိုရင် စက်လဲပါတယ် အဆောက်အအုံလဲပါတယ် ငွေကြေးလဲပါတယ် လူတွေရဲ့ အသိဥာဏ်လဲပါတယ် အဲ့ဒါတွေကို ဘယ်လိုခွဲဝေအသုံးချ မယ်ဆိုတာကို သိအောင်သင်ပေးတာဖြစ်ပါတယ်။

3. Business Communication

လုပ်ငန်းခွင်ထဲမှာ Memo တွေ Report တွေ ဘယ်လိုရေးမလဲ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ချိတ်ဆက်ပြီး အလုပ်လုပ်မလဲ အဲ့သည့်အကြောင်းအရာတွေကို သင်တာဖြစ်ပါတယ်။

4. Introduction to Marketing

Introduction to Marketing ကတော့ ဈေးကွက်ရှာဖွေရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ သင်ပေးတာ ဖြစ်ပါတယ်။

Level 3 National Diploma in Business (Second Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

5. Recruitment and Selection in Business

ကိုယ့်ရဲ့ လုပ်ငန်းမှာ လူသစ်တွေ ခန့်အပ်ဖို့အတွက် လူသစ်စုဆောင်းတာ Recruitment၊ ရွေးချယ်တာ Selection စတဲ့ကိုယ်နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းတွေ ဘယ်လိုရွေးချယ်စုဆောင်းတယ်ဆိုတဲ့ အကြောင်းအရာကို သင်တာဖြစ်ပါ တယ်။

6. Starting a small Business

Small Business လေးတစ်ခု လုပ်ငန်းသေးသေးတစ်ခုကို ဘယ်လိုစတင်မလဲ National Diploma ပြီးတဲ့ ကျောင်းသား/သူတွေ ကိုယ့်ဘာသာကိုယ် တစ်နိုင်တစ်ပိုင် Business သေးသေးလေးတွေ ဘယ်လိုလုပ်လို့ ရမလဲ ဆိုတဲ့ အကြောင်းအရာကို သင်တာဖြစ်ပါတယ်။ ဘာသာရပ်လေးက အရမ်းကောင်းပါတယ်။

7. Understanding Retail

ယနေ့ခေတ်မှာ Retail လက်လီရောင်းတဲ့ဆိုင်တွေအများကြီးရှိတယ်။ လက်လီလုပ်ငန်းနဲ့ပတ်သက် ပြီးတော့ နားလည်အောင် လုပ်တတ်အောင် လက်လီလုပ်ငန်းခွင်မှာ အလုပ်ဝင်နိုင်အောင် သင်ပေးတာ ဖြစ်ပါ တယ်။

8. Business Accounting

Business Accounting ကတော့ စာရင်းအင်းပညာ စာရင်းကိုင်နဲ့ပတ်သက်တဲ့ အကြောင်းအရာ သင်ပေးတာ ဖြစ်ပါတယ်။

9. Managing a Business Event

စီးပွါးရေးပွဲတွေ ဘယ်လိုပွဲမျိုးဖြစ်ဖြစ် ဥပမာ ပွဲမှန်သမျှ မင်္ဂလာဆောင်လဲဖြစ်နိုင်တယ် Stage Show လဲဖြစ်နိုင်တယ် ဟောပြောပွဲလဲဖြစ်နိုင်တယ် အခမ်းအနားတွေ စီးပွါးရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေကို ကိုယ်ကနေမှ ဘယ်လို စီမံခန့်ခွဲမလဲဆိုတာကို သင်ကြားပေးတဲ့ဘာသာရပ် အမြန်ဆုံးအလုပ်ရနိုင်တဲ့ ဘာသာရပ်တွေ ဖြစ်ပါတယ်။

Leave a Comment