Future Students

Intake

နှစ်စဥ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်သည့်အချိန်မှစ၍ Intake အသစ်များ လက်ခံလျှက်ရှိပါသည်။ တစ်နှစ်ပတ်လုံးအတွက် Moonsoon Intake, Winter Intake, Summer Intake ၃ခု ဖွင့်လှစ်လျှက်ရှိပါသည်။

Information

𝐘𝐈𝐔 မှာ သင်ကြားနိုင်မယ့်ဘာသာရပ်များကတော့ ခြေချော်လက်ချော်နဲ့ တက္ကသိုလ်ဝင်တန်း မအောင်မမြင်ဖြစ်ခဲ့ရင်လည်း စိတ်ဓာတ်ကျစရာမလိုပဲ တက်ရောက်နိုင်သော 𝗨𝗞 မှပေးအပ်သည့်

🖌𝗟𝗲𝘃𝗲𝗹 (𝟯) – 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗜𝗧
🖌𝗟𝗲𝘃𝗲𝗹 (𝟯) – 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနဲ့ 𝗜𝗚𝗖𝗦𝗘 အောင်မြင်ပြီးသူတွေတက်ရောက်နိုင်သော

🖌𝗟𝗲𝘃𝗲𝗹 (𝟰)- 𝗛𝗶𝗴𝗵𝗲𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 (𝗨𝗞)
🖌𝗟𝗲𝘃𝗲𝗹 (𝟰) – 𝗛𝗶𝗴𝗵𝗲𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 𝗶𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 (𝗨𝗞)

ထိုမှတဆင့်

🎓𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞), 𝗔𝘄𝗮𝗿𝗱𝗲𝗱 𝗯𝘆 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗼𝗳 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗟𝗮𝗻𝗰𝗮𝘀𝗵𝗶𝗿𝗲
🎓𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞), 𝗔𝘄𝗮𝗿𝗱𝗲𝗱 𝗯𝘆 𝗕𝘂𝗰𝗸𝘀 𝗡𝗲𝘄 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
🎓𝗠𝗮𝘀𝘁𝗲𝗿 𝗼𝗳 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗔𝗱𝗺𝗶𝗻𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 (𝗨𝗞), 𝗔𝘄𝗮𝗿𝗱𝗲𝗱 𝗯𝘆 𝗕𝘂𝗰𝗸𝘀 𝗡𝗲𝘄 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆

ကွန်ပျူတာနှင့်သတင်းအချက်အလက်နည်းပညာဘွဲ့ 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞) ဘွဲ့ကိုတော့ UK မှာ ရှိတဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐋𝐚𝐧𝐜𝐚𝐬𝐡𝐢𝐫𝐞 မှပေးအပ်တာဖြစ်ပါတယ်။ Uclan တက္ကသိုလ်ဟာ Centre for World University Rankings (CWUR) အရ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများ၏ 3.7% အတွင်းမှာ ရှိပြီး Top UK University League Table 2020 အရ UK တွင်ရှိသော တက္ကသိုလ်များတွင် Ranking (75) အဆင့်ရှိသည့် ဂုဏ်သိက္ခာကြီးမားသော UK University တစ်ခုဖြစ်ပါသည်။ ဒီဘွဲ့ကို 𝗬𝗜𝗨 (𝗬𝗼𝘂𝘁𝗵 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝐚𝐥 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆) ဟာ UK မှာ ရှိတဲ့ NCC ဆိုတဲ့ အဖွဲ့အစည်းနှင့်ပူးပေါင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🎓စီးပွားရေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာပညာရပ် 𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞) ဘွဲ့ကိုတော့ UK မှာရှိတဲ့ Buckinghamshire New University က ပေးအပ်တာဖြစ်ပါတယ်။ ၎င်း တက္ကသိုလ်ဟာ Top UK University League Table 2020 အရ UK တွင်ရှိသော တက္ကသိုလ်များတွင် Ranking (115) အဆင့်ရှိသည့် ဂုဏ်သိက္ခာကြီးမားသော UK University တစ်ခုဖြစ်ပါသည်။ ဒီဘွဲ့ကို YIU ဟာ UK မှာ ရှိတဲ့ Magna Carta College Oxford အဖွဲ့အစည်းနှင့်ပူးပေါင်းသင်ကြားပေးသွားမှာ ဖြစ်ပါတယ်..

ကွန်ပျူတာ နဲ့အိုင်တီ ပညာရပ် 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺 (𝗨𝗞) ဘွဲ့ကိုတက်ရောက်ချင် သူများကတော့ YIU မှာ HND Diploma in Computing ကို Level 4 နှင့် Level 5 ဆိုပြီး ၂ နှစ်တက်ရောက်၍ ပညာသင်ကြားရမှာဖြစ်ပါတယ်။ ၎င်း ၂ နှစ်ဟာ တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ် ကို တက်ရောက်နေတာဖြစ်ပြီး YIU မှာ ပဲ တတိယနှစ် Level 6 Business Computing & Information Systems ကို တက်ရောက်ကာ University of Central Lancashire (UK) ကပေးအပ်သော 𝗕.𝗦𝗰 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗶𝗻𝗴 & 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺𝘀 (𝗨𝗞) ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ စုစုပေါင်း ၃ နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။
စီးပွားရေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာပညာရပ် 𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞) ဘွဲ့ကိုတက်ရောက်ချင် သူများကတော့ YIU မှာ HND Diploma in Business ကို Level 4 နှင့် Level 5 ဆိုပြီး ၂ နှစ်တက်ရောက်၍ ပညာသင်ကြားရမှာဖြစ်ပါတယ်။ ၎င်း ၂ နှစ်ဟာ တက္ကသိုလ် ပထမနှစ်နဲ့ ဒုတိယနှစ် ကို တက်ရောက်နေတာဖြစ်ပြီး YIU မှာ ပဲ တတိယနှစ် Level 6 Business Management ကို တက်ရောက်ကာ Bucks New University (UK) ကပေးအပ်သော 𝗕.𝗔 (𝗛𝗼𝗻𝘀) 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗨𝗞) ဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။ စုစုပေါင်း ၃ နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။

Hostel

ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှ YIU သို့လာရောက် ပညာသင်ကြားကြသော ကျောင်းသားကျောင်းသူများ အတွက် YIU မှ အဆောင်များ စီစဉ်ထားရှိပေးထားပါသည်။ အဆောင်ခများတော့ပေးရပါသည်။ Admission ဌာ န တွင် စုံစမ်းနိုင်ပါသည်။ အဆောင်များတွင် –

စသဖြင့် စီစဉ်ထားရှိပေးပါသည်။

Life At Yangon

ပြည်နယ် တိုင်းဒေသကြီးအသီးသီးမှ မဟာရန်ကုန်သို့ လာရောက်၍ ပညာသင်ကြားလိုကြသော ကျောင်းသား ကျောင်းသူ အပေါင်းတို့အား မြို့ရန်ကုန်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ ဗဟုသုတဖြစ် ဖွယ် များကို ကြိုတင်ဖတ်ရှု သိရှိနိုင်ရန် Future Student of YIU အစီအစဉ်မှ တင်ပြလိုက်ရပါသည်။
ကိုယ်ပိုင် အဆောင် (သို့မဟုတ်) တိုက်ခန်းငှား၍ စုနေလိုခြင်း
YIU သည် Campus နှစ်ခုရှိပြီး တစ်ခုမှာ လှိုင်မြို့နယ် MICT Park အတွင်းတွင် တည်ရှိ၍ အခြားတစ်ခုမှာ ကမ္ဘာအေး လမ်းမကြီး ပုလဲကွန်ဒို အနီးတွင်တည်ရှိပါသည်။ MICT Park အတွင်းတွင်တည်ရှိသော YIU တွင်တက်ရောက်လို ပါက အင်းစိန်လမ်းမကြီး သံလမ်းမှတ်တိုင်အနီးတွင် YIU ၏ ကိုယ်ပိုင် အဆောင်ရှိပါသည်။ ၎င်း ကိုယ်ပိုင် အဆောင် တွင် ၆ လတစ်ခါ အဆောင် Fees ကိုသွင်း၍ နေနိုင်ပါသည်။ YIU အဆောင်တွင် လေအေးပေးစက်၊ အဝတ်လျှော် စက်၊ ၂ ထပ် ကုတင်၊ Locker များ၊ ဧည့်ခန်း၊ ထမင်းစားခန်း အစရှိသဖြင့် ပြည့်စုံအောင် စီစဉ်ပြီးသားဖြစ်ပါသည်။ သို့သော် ကျောင်းသားကျောင်းသူများမှ YIU အဆောင်တွင်မနေလိုဘဲ မိမိ အစီအစဉ်ဖြင့် အဆောင်နေလိုပါက ၎င်း သံလမ်း တဝိုက်တွင် အဆောင်များ များစွာရှိပါသည်။ YIU သို့ လာရောက်ရာတွင်လည်း သီးခြား ဘတ်စ်ကား ထပ် စီး စရာမလိုဘဲ လမ်းလျှောက်လာလျှင်ပင် ရောက်နိုင်သည့် အကွာအဝေးဖြစ်ပါသည်။ အချို့မှ အဆောင်မနေလိုဘဲ သူငယ်ချင်းများစု၍ တိုက်ခန်းစုငှားပြီး နေကြသည်များလည်းရှိပါသည်။ ထိုအတွက်လည်း ၎င်း သံလမ်းမှတ်တိုင် တဝိုက်တွင် တိုက်ခန်းများ ငှားရမ်း၍ နေနိုင်ပါသည်။
ကမ္ဘာအေး Campus တွင် တက်ရောက်လိုသူများအနေဖြင့် ရန်ကင်းနှင့် ရွှေဂုံတိုင် တဝိုက်တွင် တိုက်ခန်းများငှား ၍ နေနိုင်ပါသည်။ သို့သော် YIU သို့ ဘတ်စ်ကား ၁ မှတ် ၂ မှတ်တိုင်ခန့် စီး၍ လာရပါမည်။

ကျန်းမာရေး ဆေးပေးခန်းများ
ရန်ကုန်မြို့တွင် လာရောက်၍ ပညာလာသင်ကြားနေသည့် အခိုက်အတန့်တွင် နေမကောင်းမကျန်းမမာ ဖြစ်ပါက နေထိုင်သည့် ရပ်ကွက်များတွင်ပင် ကျန်းမာရေးဆေးခန်းများ များစွာရှိသည့်အတွက် ဆေးခန်းပြရန်အတွက် စိတ် ပူ စရာမရှိပေ။ ကြီးကြီးမားမားနေမကောင်းပါက MICT Campus အနီးတွင် နေထိုင်ကြသော ကျောင်းသားကျောင်းသူ များအဖို့ Victoria Hospital (ဝိတိုရိယဆေးရုံ) ရှိပြီး ကမ္ဘာအေး Campus အနီးတွင်နေထိုင်ကြသော ကျောင်းသား ကျောင်းသူများ အဖို့ အာယုဆေးရုံ ရှိနေပါသည်။ YIU တွင် ကျောင်းတက်နေစဉ်နေမကောင်းဖြစ်ပါက YIU ရှိ Examination Bed ပေါ်တွင် ခေတ္တ အနားယူနိုင်ပြီး လိုအပ်သည့် ဆရာဝန် ပင့်ဆောင်ခြင်း သို့မဟုတ် ဆေးရုံးသို့ ပို့ ဆောင်ပေးခြင်း၊ အိမ်သို့ ပြန်ပို့ပေးခြင်းများ ပြုလုပ်ပေးပါသည်။
အခြားသင်တန်းများ
ရန်ကုန်မြို့တွင် လာရောက်နေထိုင်ပြီး YIU တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းချိန်ပြင်ပတွင် အခြား သင်တန်းများဖြစ်ကြသည့် ဘာသာစကားသင်တန်း၊ စာရင်းကိုင်သင်တန်း၊ အနုပညာသင်တန်း စသည့် သင် တန်းများ တက်ရောက်လိုပါကလည်း လှည်းတန်း အနီးတဝိုက်တွင် ဖော်ပြပါ သင်တန်းများ များစွာ ရှိသည်ကို သိ စေအပ်ပါသည်။

အစားအသောက်
ရန်ကုန်မြို့တွင် လာရောက်နေထိုင်ပြီး YIU တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအနေဖြင့် နိစ္စဓူဝ စားရေးသောက်ရေး ကိစ္စများအတွက်လည်း စိတ်ပူရန် မရှိပါ။ YIU (MICT Campus) တွင် နိုင်ငံတကာ အဆင့်မှီ Food Court (မုန့်ဈေးတန်း) ရှိပြီး ၎င်း သည် သန့်ရှင်းသပ်ရပ်မှု၊ အရသာ ကောင်းမွန်မှု၊ စားသောက်ဆိုင် မျိုးစုံ ရှိမှုတို့ အပြင် YIU မှ ကျောင်းသားကျောင်းသူများအတွက်လည်း Discount ကူပွန်များပေးအပ်လေ့ ရှိပါသည်။ ကမ္ဘာအေး Campus တွင် တက်ရောက်ကြသော ကျောင်းသားကျောင်းသူများအတွက် Campus အနီးတွင် ရှိသော ပုလဲကွန်ဒိုတွင် ခေတ်မှီ စားသောက်ဆိုင်အမျိုးမျိုးရှိပါသည်။ ထို့အပြင် ရန်ကုန်မြို့တွင်ခေတ်စားလာသော Food Delivery များမှ မှာယူပြီး YIU Campus တိုင်းတွင်ရှိသော Canteen များတွင်လည်း စားသုံးလို့ရပါသည်။
ကျောင်းပိတ်ရက်မှာ Shopping ထွက်မယ်
ရန်ကုန်မြို့တွင် လာရောက်၍ ပညာလာသင်ကြားနေသည့် အခိုက်အတန့်တွင် မိမိ တကိုယ်ရေသုံး အသုံး အဆောင် ပစ္စည်းများ ဝယ်ယူလိုပါက ရန်ကုန်မြို့၏ အထင်ကရ Shopping Mall များ ဖြစ်ကြသော Myanmar Plaza, Junction Square, Junction City, City Mall, Ocean Super Center, Makro စသည့် Center များတွင် ဝယ်ယူရရှိနိုင် ပါသည်။ ကျောင်းပိတ်ရက်အချို့တွင် Shopping ထွက်ခြင်းအားဖြင့် စိတ်အပန်းလည်းပြေ၊ ဗဟု သုတလည်းရ၊ လိုချင်တာတွေ လည်းရတာမို့ ရန်ကုန်မှာ ကျောင်းလာတက်ခြင်းဖြင့် မိမိသားသမီးများ အသိဉာဏ် ပညာ ဗဟုသုတများ ပိုမိုတိုးပွား စေပါသည်။ ထို့အပြင် တကယ့်ကို မြို့ကြီးသား လည်လည်ဝယ်ဝယ် အမြင်ကျယ် သည့် လူငယ်တစ်ယောက်ဖြစ်သွားမှာ ဧကန်မုချပင်ဖြစ်ပါသည်။

ကျောင်းပိတ်ရက်မှာ အားကစားလုပ်ကြမယ်
ရန်ကုန်မြို့တွင် လာရောက်နေထိုင်ပြီး YIU တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအနေဖြင့် ကျန်းမာရေးလိုက်စားလို၍ ဖြစ်စေ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်လို့၍ ဖြစ်စေ အားကစား ပြုလုပ်လိုပါက –
ကျောင်းပိတ်ရက်မှာ လည်လည်ထွက်မယ်
ရန်ကုန်မြို့တွင် လာရောက်၍ ပညာလာသင်ကြားနေသည့် အခိုက်အတန့်တွင် အချို့ ကျောင်းပိတ်ရက်များ၌ စိတ် အပန်းပြေစေရန်လည်းကောင်း ပြင်ပဗဟုသုတရရှိစေရန်လည်းကောင်း ရန်ကုန်မြို့တွင်လည်ပတ်စရာ နေရာ များ များစွာရှိပါသည်။ အထူးသဖြင့် တန်ခိုးကြီး ရွှေတိဂုံ စေတီတော် အပါအဝင် စေတီပုထိုးများ၊ သမိုင်းဝင် မဟာဗန္ဓုလ ပန်းခြံ၊ တိရစ္ဆာန်ရုံ၊ လေ့လာစရာ အတွင်းဝန်ရုံး၊ ဗိုလ်ချုပ်ပြတိုက်အပြင် သမိုင်းဝင်ပြတိုက်များ၊ ရှေးဟောင်း အဆောက်အအုံ များ၊ စားသောက်ဆိုင်များ၊ လေ့လာစရာနှင့် လည်ပတ်စရာများ အလွန်ပင်များပြားလှပါသည်။

ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ
ရန်ကုန်မြို့တွင် လာရောက်နေထိုင်ပြီး YIU တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများအနေဖြင့် ဘဏ်ငွေလွှဲ ငွေထုတ် ကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်လိုပါက –

Career

Diploma / ဘွဲ့ရရှိပြီးသူများအနေဖြင့် IT Management/ Consultantcy, Network Engineer, Software Engineering, Data Management, Information Systems Management, Cyber Security, Business Administration/ Management ,Entrepreneur စသော နယ်ပယ်များတွင် လုပ်ငန်းခွင်စတင်ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

Transportation

MICT Campus သို့လာလျှင် ပြည်လမ်းဘက်လည်း လာနိုင်ပါသည်။ အင်းစိန်လမ်းဘက်မှလည်း လာနိုင် ပါသည်။

  • ပြည်လမ်းဘက်မှ လာလျှင် YBS 30, 35, 37 စသည့် ဘတ်စ်ကားများ စီး၍ လာနိုင်ပါသည်။
  • အင်း စိန်လမ်းဖက်မှ လာလျှင် YBS 21, 30, 41, 63, 65, 75 စသည့် ဘတ်စ်ကားများ စီး၍ လာနိုင်ပါသည်။

ကမ္ဘာအေး Campus ကိုလျှင် YBS 36, 87, 90 စီး၍ လာနိုင်ပါသည်။

ကျောင်းသားကျောင်းသူများ အဆင်ပြေစေရန် YIU ၌ ကိုယ်ပိုင်ကျောင်းကား များလည်း စီစဉ်ထားရှိပါ သည်။ ကျောင်းကား စီးလိုသူများအနေဖြင့် သက်ဆိုင်ရာလမ်းကြောင်းအလိုက် ကျောင်းကားခ ရှိမှာ ဖြစ်ပါ သည်။

Student Culture

ကျောင်း၏အတန်းတိုင်းရှိ အတန်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော YIU Students’ Activity Team (YIUSAT) သည် ကျောင်း၏ Activity များတွက် တက်ကြွစွာဦးဆောင် လှုပ်ရှားကြသည်။ အတန်းတိုင်းရှိ EC များသည်လည်း တက်ကြွစွာပါဝင်ကြသည်။

YIUSAT သည် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏာရေးမှုးတ စသည်တို့ဖြင့် စနစ်တကျဖွဲ့စည်းထားပြီး ကျောင်းသားများ၏ကိုယ်စား ဦးဆောင် လုပ်ဆောင်လျှက်ရှိပါသည်။