HND Computing

Higher National Diploma in Computing (Foundation) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Microsoft Word

စာရိုက်ဖို့အတွက် သင်တာ ဖြစ်ပါတယ်။ Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ Assignment တွေကို Microsoft Word အသုံးပြုပြီး တင်ရမှာဖြစ်တယ်။ အဲ့အတွက်ကြောင့် သင်ပေးတာ ဖြစ်တယ်။ ရုံးတွေမှာ လုပ်ငန်းခွင်ဝင်တဲ့ အခါကျရင် စာရိုက်တက်အောင် သင်ပေးတာဖြစ်တယ်။

2. Microsoft PowerPoint

Microsoft PowerPoint က Diploma သင်တန်းတက်နေစဉ်တောက်လျှောက်မှာ PowerPoint Presentation လုပ်တဲ့အခါကျရင် လုပ်တက်အောင် PowerPoint ကိုသင်ပေးထားတာ ဖြစ်တယ်။ အဲ့လိုပဲ ရုံးတွေ လုပ်ငန်းခွင်ဝင်တဲ့အခါကျရင်လည်း Presentation လုပ်တက်အောင် သင်ပေးတာ ဖြစ်တယ်။

3. Programming

Computer Diploma ဖြစ်တဲ့အတွက်ကြောင့်မို့ Computer Programming ကိုသင်ရပါတယ်။ Foundation မှာ သင်တဲ့ Programming ကတော့အခြေခံသင်တာဖြစ်ပါတယ်။

4. HTML

HIML ကတော့ Hyper Text Mark-up Language ဖြစ်ပါတယ်။ Web Design လုပ်ဖို့သင်ပေးတာ ဖြစ်ပါတယ်။

5. Adobe Photoshop

Web Design သင်တဲ့အခါကျရင် ဓာတ်ပုံလေးပြင်ဖို့ Design လေးတွေဆွဲဖို့လိုလာတယ်။ အဲ့တော့ လိုအပ်တဲ့ Design ပိုင်း ပညာရပ်သင်တာဖြစ်ပါတယ်။

6. English

English ကတော့ Language ဘာသာစကားအနေနဲ့ သင်ပေးတာဖြစ်ပါတယ်။ English စကားပြော တတ်အောင် ရေးတတ်အောင် သင်ပေးတာဖြစ်ပါတယ်။

7. How to Write Assignment

Assignment တစ်စောင်ဘယ်လိုရေးရမလဲဆိုတာကို သင်ကြားပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီမြန်မာပြည်မှာ ရှိတဲ့ ကလေးတွေအများစုက Assignment မရေးတတ်ကြဘူး။ ဘာလို့လဲဆို တော့ အရင်တုန်းက အစိုးရပညာရေးမှာ စာမေးပွဲတွေ ဖြေခဲ့ကြတယ်။ စာကျက်ပြီး ဖြေခဲ့ကြတယ်။ ဒါကြောင့် Assignment မရေးတတ်ကြဘူး။ အထူးသဖြင့် စာစီစာကုံးတောင် မရေးတတ်ကြဘူး။ ဒါကြောင့်မို့ Assignment ရေးတတ်အောင်သင်ကြား ပေးတာ ဖြစ်တယ်။ ဒီလို Assignment ရေးတတ်မှလဲ တနှစ်လုံး ရှိတဲ့ Assignment တွေကို လွယ်လွယ်ကူကူ ရေးတတ်မှာဖြစ်တယ်။

8. How to Make Smart Presentation

Presentation လုပ်တဲ့အခါမှာ လူရှေ့သူရှေ့ ထွက်ပြီး ပြောရဆိုရတာရှိတယ်။ အဲ့အခါမှာ ကလေးတွေက လူရှေ့သူရှေ့ မထွက်ရဲဘူးဆိုတာရှိတယ်။ အဲ့သလိုမဖြစ်ရလေအောင် Presentation ကောင်းကောင်းတစ်ခု ကို ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးတာဖြစ်ပါတယ်။

HND Diploma in Computing (1st Year, First Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

1. Programming

Programming ကတော့ Computer Programming ကိုသင်တာဖြစ်တယ်။ Computer Programming ကတော့ Computer ကိုအလုပ်အသစ်တွေလုပ်တတ်အောင် Program အသစ်တွေလုပ်တတ် အောင် နောက်ထပ်အလုပ် သစ်တွေ လုပ်တတ်အောင် ထပ်မံသင်ပေးတာကို Program ရေးတယ်လို့ခေါ်ပါ တယ်။

2. Networking

Computer Network တွေကို ဘယ်လိုချိတ်ဆက်မလဲ ဒီနေ့ခေတ်မှာ Computer ကိုတစ်လုံး တည်း မသုံးတော့ဘူး ချိတ်ဆက်ပြီးသုံးလာကြတယ်။ Computer Network တွေကို ဘယ်လို ချိတ်ဆက် မလဲ သင်တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

3. Professional Practice

Professional Practice သည် လုပ်ငန်းခွင်မှာ IT နဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့အခါကျတော့ Communication ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတာ ပြောဆိုတာ အလုပ်လုပ်တာ Business Communication တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ဆက်ဆံကြမလဲ ဘယ်လို ပြောဆိုကြမလဲ ဘယ်လိုပြုမူနေထိုင်ကြမလဲ Report ဘယ်လိုရေးရမလဲ နော် အလုပ်လုပ်တဲ့အခါမှာ အလုပ်လုပ်တတ်အောင် သင်တာဖြစ်ပါတယ်။ ပြောရရင်တော့ လုပ်ငန်းခွင်မှာ Computer တော့တတ်ပါရဲ့ မလုပ်တတ် မကိုင်တတ်ဘူး။ မပြောတတ် မဆိုတတ်ဘူး။ မစဉ်းစား မတွေးခေါ်တတ်ဘူး။ Report မရေးတတ်ဘူး အဲ့လိုမဖြစ်ရလေအောင် သင်ပေးတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

4. Computer Systems Architecture

Computer Systems ဆိုတာကတော့ Computer ရဲ့ စနစ်တွေအကြောင်းကို သင်တာဖြစ်တယ်။ Hardware ပိုင်း Software ပိုင်း စတဲ့အကြောင်းသင်တာဖြစ်ပါတယ်။ Computer ပြုပြင်တဲ့အကြောင်းတွေ Computer ဘယ်လို တည်ဆောက်တာဆိုတဲ့အကြောင်းတွေ သင်တာဖြစ်ပါတယ်။ နောက်အတန်းကြီး လာတဲ့အခါကျရင်လည်း ဒီ Computer Systems ဘာသာရပ်က အခြေခံအနေနဲ့ ဖြစ်သွားမှာ ဖြစ်ပါတယ်။

HND Diploma in Computing (1st Year, Second Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

5. Database Design & Development

Database ဆိုတာ အချက်အလက်တွေ သိုမြှီးသိမ်းဆည်းတယ် ပြန်ခေါ်သုံးတယ် ယနေ့ခေတ် Computer နဲ့အလုပ်လုပ်တဲ့အခါမှာ အချက်အလက် သိုမြှီးသိမ်းဆည်းခြင်းကအရေးပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ လိုအပ် တဲ့ သင်ခန်းစာတွေ သင်ကြားပေးတာဖြစ်ပါတယ်။

6. Security

Security ကတော့ ယနေ့ခေတ် IT ခေတ်ကြီးမှာ Data တွေ အချက်အလက်တွေ လုံခြုံစိတ်ချဖို့ အင်မတန် အရေးကြီးလာတယ်။ Data တွေလုံခြုံစိတ်ချအောင် သူများတွေက ခိုးယူတာတွေ သတင်း ပေါက်ကြားတာတွေ မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး သင်ခန်းစာတွေ သင်ကြားတာဖြစ်ပါတယ်။

7. Managing a Successful Computing Project

လုပ်ငန်းတွေမှာ Network သွားဆင်တာ Server Installation တွေနဲ့ပတ်သက်လို့ Project တွေကို ဘယ်လို အောင်မြင်အောင်လုပ်မလဲဆိုတာနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုအကြောင်းကို သင်တာဖြစ်ပါ တယ်။

8. Website Design & Development

Website Design များရေးဆွဲခြင်း ပြုလုပ်ခြင်းအကြောင်းတွေ သင်တာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အလုပ်အကိုင် လွယ်ကူတဲ့ အသက်မွေးဝမ်းကျောင်းပညာလည်းဖြစ်ပါတယ်။

HND Diploma in Computing (2nd Year, First Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

9. Computing Research Project

ဒါကတော့ ဒီနေ့ခေတ်မှာ ကလေးတွေကို သုတေသနစာတမ်းနဲ့ပတ်သက်ပြီး လုပ်နိုင် အောင် သင်ကြား ပေးတာဖြစ်ပါတယ်။ အဲ့ဒီဘာသာရပ်သည် တစ်နှစ်ပတ်လုံး လုပ်ရမှာဖြစ် ပါတယ်။ တစ်နှစ်ပတ်လုံး အတွက် နှစ်ဘာသာစာရှိပါတယ်။ Computing Research Project က ကလေးတွေ အနေနဲ့ သုတေသန လုပ်နိုင်အောင် သင်ကြားပေးတာဖြစ်ပါတယ်။

10. Advanced Programming

Programming နဲ့ ပတ်သက်တဲ့အကြောင်းအရာကို ဒီထက်ပိုပြီး အသေးစိတ်သင်ကြားတာ ဖြစ်ပါတယ်။ Computer လုပ်ငန်း အသစ် သင်ပေးခြင်းနဲ့ပတ်သက်ပြီးတော့ ပိုပြီး အသေးစိတ် သင်ကြား ပေးတာ ဖြစ်ပါတယ်။

11. Client/Server Computing Systems

Computer Network တွေချိတ်ဆက်တဲ့အခါမှာ Network ချိတ်ဆက်ယုံရင် မကပဲနဲ့ Server တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သင်တာဖြစ်ပါတယ်။ အဓိက ကတော့ Linux Operation System, Linux Server တွေကို အဓိက ထည့်သင်ကြားသွားမှာ ဖြစ်ပါတယ်။

12. Internet of Things

ဒီနေ့ခေတ်မှာ Sensor တွေရယ် Computer System တွေရယ် ဘယ်လိုပေါင်းစပ်ပြီး အလုပ်လုပ်လဲဆိုတာကို သင်တာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အင်မတန်မှ အရေးပါလာမည့်  သင်ခန်းစာ ဖြစ်ပါတယ်။

HND Diploma in Computing (2nd Year, Second Semester) တွင် သင်ကြားမည့် ဘာသာရပ်များ

13. Computing Research Project

ဒါကတော့ ဒီနေ့ခေတ်မှာ ကလေးတွေကို သုတေသနစာတမ်းနဲ့ပတ်သက်ပြီး လုပ်နိုင် အောင် သင်ကြား ပေးတာဖြစ်ပါတယ်။ အဲ့ဒီဘာသာရပ်သည် တစ်နှစ်ပတ်လုံး လုပ်ရမှာဖြစ် ပါတယ်။ တစ်နှစ်ပတ်လုံး အတွက် နှစ်ဘာသာစာရှိပါတယ်။ Computing Research Project က ကလေးတွေ အနေနဲ့ သုတေသန လုပ်နိုင်အောင် သင်ကြားပေးတာဖြစ်ပါတယ်။

14. Business Intelligence

ဒီနေ့ခေတ်မှာဆိုရင် Big Data ခေတ်ကို ရောက်လာပါပြီ။ Data တွေကို အများကြီး သိုမြှီ သိမ်းဆည်းပြီး ပြန်ရှာတဲ့ခေတ်ကို ရောက်လာပါပြီ။ ဒါကြောင့်မလို့ Data Analysis လုပ်တယ်ဆိုတဲ့ ကိစ္စတွေ အရေးကြီးလာပါပြီ။ စီးပွါးရေးလုပ်ငန်းတွေမှာ Data အချက်အလက်တွေကို အမှီပြုပြီး ကျင့်သုံးလာကြပါပြီ အဲ့ဒါတွေနဲ့ပတ်သက်တဲ့ ဘာသာရပ်ကို သင်ကြားတာဖြစ်ပါတယ်။

15. Cloud Computing

Cloud Computing ဆိုတာ ယနေ့ခေတ်မှာ အသစ်ပေါ်လာတဲ့ သင်ခန်းစာဖြစ်ပါတယ်။ Computer တွေကို Network ချိတ်ဆက်ပြီး သုံးစွဲယုံတင်မကတော့ဘူး။ Cloud နည်းပညာကို အသုံးပြုထားတဲ့ အခြေခံထားတဲ့ Computer သုံးစွဲမှုအကြောင်းကို သင်ကြားပေးမှာဖြစ်ပါတယ်။

16. Network Security

ယနေ့ခေတ်မှာ Security က အရေးကြီးလာတယ် သတင်းအချက်အလက်တွေ မပေါက်ကြား အောင် သူများ‌တွေက သတင်းအချက်အလက်တွေ ခိုးယူခြင်းမရှိအောင် Security က ဘယ်လိုကာကွယ်လဲ ဆိုတဲ့ အကြောင်းကို သင်ကြားပေးတာဖြစ်ပါတယ်။

Leave a Comment